Wednesday, September 19, 2007

နောက်ကြောင်းရာဇ၀င်

နောက်ကြောင်းရာဇ၀င်ကို စပြောရမယ်ဆိုရင် ကျွန်တော့်ကို မန္တလေးမြို့ရဲ့ ချမ်းအေးလွန်းတဲ့ ဆောင်းရာသီ နံနက်ခင်းတစ်ခုမှာ ဂူးဝါးဆေးတိုက်မှာ မွေးဖွားခဲ့ပါတယ်။ ကျွန်တော့်ကိုမွေးတုန်းက မေမေဟာ သေမင်းရဲ့ လက်ထဲရောက်ဖို့နဲနဲပဲ လိုပါတော့တယ်။ အဲဒီတုန်းက ကျွန်တော်တို့သာ ဆင်းရဲခဲ့ရင် အခုချိန်မှာ ကျွန်တော်ဟာ မိခင်မေတ္တာဆိုတာ ဘာမှန်းတောင်သိလိုက်ရမှာ မဟုတ်ပါဘူး။ ကျွန်တော့်အတွက်တော့ လောကမှာ စိတ်ချမ်းသာမှု့ ပြီးရင် ပိုက်ဆံဟာ ဒုတိယအရေးအကြီးဆုံးလို့ ဆိုရပါလိမ့်မယ်။ ကျွန်တော်ဟာ မန္တလေးမြို့ မှာပဲ ကြီးပြင်းခဲ့ပါတယ်။ အမှတ်(၈) အ.ထ.က မှာ ပညာသင်ပြီး ၁၀ တန်းမှာ ဆေးကျောင်းကို ၇ မှတ်နဲ့ ကပ်ပြုတ်တဲ့အတွက် ချီးကျူးမခံရပဲ UFL (University of Foreign Language or Union of Female) ဆိုတဲ့ကျောင်းတော်ကြီးမှာ အင်္ဂလိပ်ဘာသာ အဓိကယူပြီး တစ်နှစ်တိတိ ပျော်ပျော်ကြီးတက်ခဲ့ ပါတယ်။ နောက်တော့ ပေါင်းသမျှသူငယ်ချင်းအရင်းကြီးတွေကလဲ တစ်ယောက်တစ်နိုင်ငံစီ ထွက်သွားပြီးတဲ့နောက် အစ်ကိုက စလုံးကိုခေါ်တာနဲ့ poly စာမေးပွဲဖြေပြီး ရောက်လာခဲ့ပါတယ်။ poly စာမေးပွဲဖြေတယ်ဆိုလို့ စာမေးပွဲ တစ်ခုတည်းကို အေးအေးဆေးဆေး ဖြေပြီးအောင်လာတယ် မထင်လိုက်ပါနဲ့။ Republice poly, temasek poly နဲ့ Singapore poly သုံးကျောင်းစလုံးကို ဗုံးကြဲ့ပီး ပေါက်တဲ့ ကျောင်းနဲ့ရောက်လာခဲ့တာပါ။ ဒီအစဉ်အလာကိုတော့ poly ကျောင်းသားတိုင်းသိမယ်ထင်ပါတယ်။ ဒီလိုနဲ့ Singapore poly Entrance test အောင်ပြီးတော့ ၂၀၀၇ ဧပြီမှာ စလုံးကိုရောက်ပြီး Interior Design course နဲ့ ပညာသင်နေပါပြီ။ နောက်ကြောင်း ရာဇ၀င်ကတော့ ဒီလောက်ပါပဲ။ နောက်ပိုင်းရေးမယ့် post တွေကတော့ ဟိုရောက်ဒီရောက် အတွေးများနဲ့ စလုံးအတွေ့အကြုံတွေပဲ များပါလိမ့်မယ်။

2 Comments:

Blogger Unknown said...

hey to ka daw...u pyan lar tar ko a mayai tan wait nay tal....mdy mar fris twe arr lone pyan sone chin tal....u feelings ko i nar lai par tal...ba wa so dar di lo par bai.i lai ygn mar tat kar ta kar sat nyit sa yar twe kyone ya tal.

September 21, 2007 at 11:31 PM  
Blogger Unknown said...

fri... ma soe bu u yai blog ka sate win sar bo kg tal....i ka blog read ya tar sat win sar tal...update lot par fri,he he.

September 23, 2007 at 12:21 AM  

Post a Comment

Subscribe to Post Comments [Atom]

<< Home